သတင်းများ

စားသုံးသူ ကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး တိုင်းကြားမှုများတွင် Online မှတစ်ဆင့် တိုင်ကြားမှုသည် အများဆုံးဖြစ်
Sep 01,2020
စားသုံးသူ ကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး တိုင်းကြားမှုများတွင် Online မှတစ်ဆင့် တိုင်ကြားမှုသည် အများဆုံးဖြစ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်း မြို့နယ်၌ စော်ကဲမြစ်ကူး တံတားကြီး ၉၆ ရာခိုင်နှုန်းပြီးစီး
Sep 01,2020
မော်လမြိုင်ကျွန်းမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်တော့မည် စော်ကဲ မြစ်ကူး တံတားသစ်တစ်စင်း ဆောက်လုပ်လျက်ရှိသည်မှာ ယနေ့အချိန်တွင် ၉၆ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။
ဘုရားသုံးဆူမြို့တွင် အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀) အား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 01,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ကိုဗစ် − ၁၉ အခြေအနေကြောင့် ပုံမှန်ဝင်ငွေမရှိသူများ၏ စားဝတ်နေရေးအခက်အခဲများအား အဖွဲ့အစည်းအသီးသီးမှ ကူညီဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တိုင်တစ်ရာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဓမ္မာစရိယဘဒ္ဒန္တဓမ္မဓဇ၏ သြဝါဒအားခံယူ၍ အလှူရှင်မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ထောက်ပံပေးအပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငေွ ဖြင့် ဆောင်ရွက်လျှက်ရှိသည့်၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၂)ခုအား၊ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲကလွှတ်တော် ကိုယ်စားလှယ် များနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြောင်းမြ၌ မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဆန်စက်များမှ စပါးခွံများကို မြစ်အတွင်း စွန့်ပစ်မှုများ ရှိနေသည့်အတွက် မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်က ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Sep 01,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုအခြေအနေတို့အား တာဝန်ရှိသူများက ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးကြသည်။
နတ်မောက်မြို့နယ်စည်ပင်သာယာရေးမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်းသို့ လာရောက်သည့် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တွံတေးမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကပ်ထားကြေညာ
Sep 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ