သတင်းများ

မိုင်းယောင်း၌ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်
Mar 16,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍  COVID-19 ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုကို ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယနေ့ ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 ကြိုတင်ကာကွယ်နိုင်ရေး အစည်းအဝေး ကျင်းပ
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက Coronavirus Disease 2019 (Covid-19)ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ Outdoor Fitness အားကစားပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိ
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်သို့ Outdoor Fitness အားကစားပစ္စည်းများ  ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19)ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေး ဟောပြော
Mar 16,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19) ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ထန်းတပင်မြို့ ရေပေါ်သောင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်ဂဝံလမ်းဖောက်လုပ်
Mar 16,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုများကို ငွေကြေးကုန်ကျမှုစရိတ်သက်သာစွာဖြင့် စျေးကွက်သို့လျင်မြန်စွာရောက်ရှိနိုင်စေရန်နှင့် ပျက်စီးလွယ်သော သီးနှံများသယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် အတွက် ကျေးလက်ကုန်ထုတ်ဂဝံလမ်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာ တွင် ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
COVID-19 ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးနှင့် လက်ဆေးနည်းသရုပ်ပြခြင်းများဆောင်ရွက်
Mar 16,2020
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် (Community Center) တွင် COVID-19 ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးနှင့် လက်ဆေးနည်းသရုပ်ပြခြင်းများအား ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေ နုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ကျိုင်းတုံမြို့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ကျိုင်းတုံမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။