သတင်းများ

ကြံခင်းမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်မှု မရှိသူများအား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကြပ်မတ်စွာ စစ်ဆေးဆောင်ရွက်
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာမှုမရှိသူများအား ယမန်နေ့က မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကြံခင်းမြို့နယ်အတွင်း နေရာများတွင် အဖွဲ့များခွဲပြီး ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နေရပ်ပြန်ပြည်သူများအား သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိ
Sep 01,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၅၁)ဦးနှင့်မ(၄၉)ဦး စုစုပေါင်း(၁၀၀)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ
Sep 01,2020
နတ်မောက်မြို့နယ်တွင် ကလျာဏမိတ္တကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့က နေအိမ်ပြင်ပထွက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ၊ ကာကွယ် ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း (Mask) များကို   ယမန်နေ့ ညနေ(၃)နာရီက  မြို့မစည်ပင် သာယာရေးဈေး အရှေ့ဘက်လမ်းဆုံတွင် အခမဲ့လိုက်လံဝေငှပေးခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (CERP) အစီအစဉ်ဖြင့် သိန်းပေါင်း (၂၄၈၃) သိန်းကျော် ထောက်ပံ့ငွေများ ပေးအပ်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် သိန်းပေါင်း(၂၄၈၃)ကျော် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သုံးခွမြို့နယ်၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲပြုလုပ်
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှဦးဆောင်၍ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့၌ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးကွင်းဆင်းစစ်ဆေး
Sep 01,2020
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့ကော့နှတ်ကျေးရွာအုပ်စု ယမန်နေ့ နေ့လယ်ပိုင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန် စေရေးအတွက် အိမ်တိုင်ရာရောက် စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။