ကျောက်ပန်းတောင်းမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငေွ ဖြင့် ဆောင်ရွက်လျှက်ရှိသည့်၊ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း(၂)ခုအား၊ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲကလွှတ်တော် ကိုယ်စားလှယ် များနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များသည်၊   သာယာအေးရပ်ကွက် အနော်ရထာလမ်းတွင် ခွင့်ပြု ရန်ပုံငွေကျပ်(၁၇၁၁၀၀၀၀)ဖြင့် (၂၀-၈-၂၀၂၀)ရက်နေ့ကစတင် ဆောင်ရွက် ခဲ့ပြီး၊ ယခုအခါ လုပ်ငန်းအားလုံး၏(၉၀)ရာ ခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့သည့် အရှည် ပေ(၁၀၀)၊ အကျယ်(၁၂)ပေနှင့် ထု(၆) လက်မရှိ ကွန်ကရစ် လမ်းလုပ်ငန်းပြီးစီးမှုနှင့် မြို့မရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေ(၁၃၉၁၀၀၀၀)ဖြင့်(၂၆-၈-၂၀၂၀)ရက်နေ့ကစတင် ဆောင်ရွက်ခဲ့သည့်လမ်းအရှည် ပေ(၆၁၀)၊ အကျယ် (၁၆)ပေနှင့်ထု(၆)လက်မရှိ ကွန်ကရစ်လမ်းဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြရာ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးချမ်းငြိမ်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြ ခဲ့ကြကြောင်းသိရ သည်။

နေအောင်(ပြန်/ဆက်)