နတ်မောက်မြို့နယ်စည်ပင်သာယာရေးမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၁      

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်းသို့ လာရောက်သည့် ဈေးရောင်း ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊လက်ဆေးဘေစင် များထားရှိပေးပြီး စနစ်တကျလက်ဆေးစေခြင်းများ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။          

သင်းသင်းဝေ(နတ်မောက်)