သတင်းများ

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော အိမ်ထောင်စုများအား ထောက်ပံငွေနှင့် ပစ္စည်းများပေးအပ်
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ ကြာနီ ကန်ရပ်ကွက် များအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ယမန်နေ့က ထောက်ပံ့ငွေများ သွားရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း
Sep 01,2020
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကို ယမန်နေ့ က ဂန့်ဂေါမြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် အေး က အမှာစကားပြောကြားသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်
Sep 01,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက ဇမိရတနာ‌ဈေးအနီးပတ်ဝန်းကျင်၌ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည် စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဝါးခယ်မ ၌ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှု ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် ( ၁၀ ) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂ / ၄ ) ရှိ ကျွန်းပြာဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှုမှာ ယခုအချိန်တွင် ရာခိုင်နှုန်းအပြည့် နီးပါးပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်းအပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) ထံမှ သိရသည်။
ကယားပြည်နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးပပျောက် ရေး စီမံကိန်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျားမွေးမြူရေးအထောက်အကူပြု ပြည်သူ ပညာပေးသင်တန်းဖွင့်လှစ်
Sep 01,2020
ခေတ်မီပျားမွေးမြူရေး အတက်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန်၊ ပျားမွေးမြူ ရေးသည် ပျားနှင့်ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘောပေါက် နားလည်ဆောင်ရွက်ရန်၊ ဒေသခံပျား အမျိုးမျိုးကို လေ့လာသုတေသန ပြု၍ ဒေသအခြေအနေ နှင့် ကိုက်ညီသော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်နိုင်ရန်၊ ဘိန်းစိုက်ပျိုးမူ ပပျောက်ရေး လုပ်ငန်းတွင် အထောက်အကူပြု လုပ်ငန်း တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကဲ့သို့တစ်ပိုင် တစ်နိုင်မွေးမြူသလို ပျားမွေးမြူရေးအား မွေးမြူလာခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလာစေရန်၊ ပျားမွေး မြူခြင်းဖြင့်ပျားစာရ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲစဉ်ငုံ၊ အစရှိသည်များကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြစ် ယနေ့ ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပိန်းချစ် ကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ကျေးရွာတို့တွင် သွားရောက်ကာ တောင်သူများအား စာတွေ့၊ လက်တွေ့ ပြသသင်ကြားခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့မဈေး၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြို့မဈေး အတွင်း၌ ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများပူးပေါင်း၍ အသိပညာပေးလုပ် လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြ သည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 01,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.MCC TOKYO သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး M.V BRAVE WORTH သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ MV.SIRIUS LEADER သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး၊ MV.OCEAN GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး၊ MV.WAN TONG STAR သင်္ဘောပေါ်မှ သင်္ဘောသား (၁၀) ဦးနှင့် MV.DINA OCEAN သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ စုစုပေါင်းသင်္ဘောသား (၃၅) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။