မန္တလေး စက်တင်ဘာ ၁
စားသုံးသူ ကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး တိုင်းကြားမှုများတွင် Online မှတစ်ဆင့် တိုင်ကြားမှုသည် အများဆုံးဖြစ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
"၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၄၁ မှုရှိပါတယ်။ ကိုဗစ်ကာလမှာ အမှုပေါင်းက ၁၆၀ မှု ဖြစ်ပါ တယ်။ ကိုဗစ်မတိုင်မီမှာတော့ ၅၄မှုဖြစ်ပါတယ်။ ကိုဗစ်ကာလက ပိုပြီးကြာရှည်တဲ့အတွက် ပြီးကတဲ့နှစ်ကနဲ့စာရင် လတိုင်းမှာ အမှုတွေက ပိုပြီးတက်လာတဲ့ သဘောရှိပါတယ်။ တိုင်ကြားရာမှာ အွန်လိုင်းကတိုင်ကြားတာက အလွယ်တကူ ဖောင်လေးဖြည့်ပြီး တိုင်ကြားနိုင်တာကြောင့် တိုင်းကြားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက အွန်လိုင်းကတစ်ဆင့် တိုင် ကြားမှုတွေ ဖြစ်တယ်။" ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။
တိုင်ကြားမှုထဲတွင် အများဆုံးမှာ ဆက်သွယ်ရေးနှင့်သက်ဆိုင်သောအမှုများဖြစ်ပြီး ကိုဗစ် - ၁၉ ကာလတွင် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းစဉ်များကို CICC- mdy Facebook Pageမှ တစ်ဆင့် ဆောင်ရွက်နေပြီး ဈေးကွက်စောင့်ကြည့်ခြင်းနှင့် တိုင်ကြားမှုစစ်ဆေးသော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်