သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး အသိပညာပေးမှုများဆောင်ရွက်
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ် ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များ၊ ဒေသန္တရအမိန့်များ၊ ညွှန်ကြား ချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလာပြည်သူများအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှု လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်သင်ကြား
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှုလက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၌ အရွေးခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများထုတ်ပြန်ကြေညာ
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရာက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့က ကပ်ထား ကြေညာခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ နေရပ်ပြန်ပြည်သူများအား Facility Quarantine (၂၁)ရက် ကန့်သတ်ထားရှိ
Sep 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်ပမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာသူ (၆)ဦးနှင့် သြဂုတ်လ(၃၁) ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူ (၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် မြို့နယ်မနောကွင်း အတွင်းရှိ ခန်းမ၌ (၂၁)ရက် ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါ ရှိ /မရှိ ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ
Sep 02,2020
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသည့်
နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၃)ဦး ၀င်ရောက် ယှဉ်ပြိုင်မည်‌
Sep 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာလ (၈)နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
သိန္နီမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်/ဆင်း ကောက်ယူရေးစနစ် မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုနှင့် ကောင်းဝိန်း ကျေးရွာအုပ်စုများသို့ ယမန်နေ့နံနက်(၉) နာရီအချိန် က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး ကျေးရွာအရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။