ဘုရားသုံးဆူမြို့တွင် အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀) အား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဘုရားသုံးဆူ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ကိုဗစ် − ၁၉ အခြေအနေကြောင့် ပုံမှန်ဝင်ငွေမရှိသူများ၏ စားဝတ်နေရေးအခက်အခဲများအား အဖွဲ့အစည်းအသီးသီးမှ ကူညီဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တိုင်တစ်ရာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဓမ္မာစရိယဘဒ္ဒန္တဓမ္မဓဇ၏ သြဝါဒအားခံယူ၍ အလှူရှင်မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ် (၄) ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ထောက်ပံပေးအပ်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုအလိုက်၊ တစ်အိမ်ထောင်စုလျှင် ဆန် (၃) ပြည်၊ ဆီ (၁) လီတာဗူးတစ်ဗူး၊ ကြက်သွန်နီ(၁)ကီလို၊ ဆားတစ်ထုပ်၊ ဆေးတစ်ထုပ်၊ ပဲတစ်ကီလို၊ ငါးသေတ္တာတစ်ဗူးတို့အား ဘုရားသုံးဆူမြို့ တိုင်တစ်ရာကျောင်းဝင်းအတွင်းနှင့် ကျောင်းဝင်းပတ်ဝန်းကျင်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀) စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူဟိန်း(ပြန်ဆက်)