သတင်းများ

ကျောက်ဆည်မြို့ ညောင်ရွေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာ၊ ကျောက်ဆည်-တံတားဦး ကားလမ်းဘေးတွင် ကျူးကျော်နေထိုင်သည့် ဒေါ်မာရီ၏ လူနေတဲအိမ်တွင် စက်တင်ဘာလ (၁) ရက် နံနက် (၆) နာရီ (၄၅) မိနစ်အချိန်ခန့်က အိပ်ယာဘေးတွင် ခြင်ဆေးခွေမီးထွန်းထားရာမှ အနီးရှိ ခေါင်းအုံးအားမီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး
Sep 01,2020
ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်​နေ့ ည​နေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး နှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိရာ နေအိမ် ပြင်ပ သွားလာပါက
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ကစတင်၍ ကျောက်မဲမြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ ဟိုခဲ/ဟမ်းငိုင်းကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအတွက် နော်ဝေးနိုင်ငံအခြေစိုက် ကူညီထောက်ပံ့ရေး အဖွဲ့ (NRC) နှင့်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ တွေ့ဆုံ
Sep 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း နေရပ်မှအခြားနေရာဒေသသို့ ယာယီပြောင်းရွေ့ခဲ့ဖူးသည့် ကျေးရွာများအား အသိပညာပေးခြင်း၊ အသက်မွေး ဝမ်းကျောင်း ပညာများ သင်ကြားပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် နော်ဝေး နိုင်ငံအခြေစိုက် ကူညီထောက်ပံ့ရေးအဖွဲ့ (Norwegian Refugee Council)နှင့် မြို့နယ်စီမံခန့်ခွဲ ရေး ကော်မတီ၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံအစည်းအဝေးကို ယမန် နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ပြု ဖွင့်လှစ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Sep 01,2020
ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်အား ခွင့်ပြုပေးနိုင်ရန်အတွက် မြို့နယ်များတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်‌ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဆိုင်ထိုင်ရောင်းချခွင့် တောင်းခံထားသော လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မတ္တရာမြို့နယ်၌ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံငွေများပေးအပ်
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief plan (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် လူထုအခြေပြုဌာန ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီတွင် စာရေးဆရာဖေမြင့်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။