သတင်းများ

လှိုင်မြို့နယ်၌ ​သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ အမှတ် (၁၂)​ရပ်ကွက်အတွင်းရှိ မြို့နယ် စည်ပင်သာယာ​ရေး ​ကော်မတီရုံး သန့်ရှင်း​ရေးဝန်ထမ်းအိမ်ရာတွင် နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ခြင်​ထောင်(၁၅)လုံး ​ဆေးစိမ်ခြင်း၊ အုတ်​ရေကန် (၅ )ကန်၊ ရေတိုင်ကီ(၁၅)လုံး၊ အိမ်​ခြေစုစု​ပေါင်း(၈၀)အိမ်အား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး အဆောင်အဦ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း​သိရသည်။
စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများသို့ နှာခေါင်းစည်း(mask)များလှူဒါန်း
Sep 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် စည်ပင်သာယာသန့်ရှင်းရေး တာဝန်ခံရုံး၊ သန့်ရှင်းရေး ဝန်ထမ်းများနှင့် မိသားစုဝင် များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (mask) များ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် စည်ပင်သာယာ၊ သန့်ရှင်း​ရေး တာဝန်ခံရုံးခန်းမ၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းယန်းမြို့၌ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ လူစည်ကားရာနေရာဖြစ်သော ပြည်-တောင်ငူလမ်း မြို့မစည်ပင် သာယာဈေးကြီးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းသူ ဈေးဝယ်သူ များနှင့် ခရီးသွားပြည်သူများအား အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မသန်စွမ်းသူများအား ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။