သတင်းများ

သန်လျင်၌ စည်းကမ်းတကျ ဈေးရောင်းချရေး ဆောင်ရွက်
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးအသီးသီးနှင့် လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ တစ်လမ်းမောင်းသတ်မှတ်လမ်းများ တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စီမံချက်ချဆောင်ရွက်လျက်ရှိသည်။
အောင်လံမြို့၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်−၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 02,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ  ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၈)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် သီးသန့်နေထိုင်စောင့်ကြည့်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို စစ်ဆေး
Sep 02,2020
 ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားသော အမှတ်(၅)ရပ်ကွက်၊ ရွှေမြင့်မိုရ် တရားရိပ်သာ သီးသန့်နေထိုင် စောင့်ကြည့်ရေး စခန်းနှင့် စစ်ကွင်းမြို့၊မြို့မရပ်ကွက် တိုက်နယ်ဆေးရုံ ထားရှိသော သီးသန့်နေထိုင် စောင့်ကြည့်ရေးနေရာတို့တွင် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေအနေ များကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အင်တောမြိုတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ကူးစက်ပျံနှံ့မှုမရှိရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်အတွက် မြို့မစျေးနှင့် ရပ်စောက်-အင်တော-နောင်ချို ပြည်ထောင်စုကားလမ်းမကြီးတလျှောက်တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 02,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က နောင်ချိုမြို့မဈေးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ နေရပ်ပြန်များထားရှိရာနေရာသို့ သွားရောက်စစ်ဆေး
Sep 02,2020
နေရပ်ပြန်များကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် အသွားအလာကန့်သတ်သည့်နေရာ အဖြစ်ထားရှိရာမှ ပိုမိုကျယ်ပြန့်စွာနေထိုင်နိုင်ရန် ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ သာသနာ့ ရိပ်သာတွင် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ တိုးချဲ့ထားရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော ကတ္တရာထပ်ပိုးလွှာလမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပလက်ဖောင်းခင်းရန် မြေနေရာကွင်းဆင်းလျာထားဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု၊ မြို့သာအရှေ့ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကတ္တရာထက်ပိုးလွှာလမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့သာဈေးမြောက်ဘက်၌ ပလက်ဖောင်းခင်းရန်မြေနေရာ ကွင်းဆင်းကြည့်ရှုလျာထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၌ (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Sep 02,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ကျေးရွာများ အလိုက် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိသည်။