သတင်းများ

သန်လျင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ ဇီဝဗေဒဖြေဆိုသူ ၈၇၉ ဦးနှင့် ဘောဂဗေဒဖြေဆိုသူ ၃၅၂၉ ဦးဝင်ရောက်ဖြေဆို
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၅၁ ဦးရှိကြောင်း ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်အတွက် စာရင်းရှိ ၃၈၉၈ ဦးရှိပြီး ဖြေဆိုသူ ၃၅၂၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၃၆၉ ဦးရှိကြောင်း သိရသည်။
ပုလဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့၊ နံနက် (၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့မီးပွိုင့်ရှိရာ နေရာများတွင် အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးလျက်ရှိ
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် တဂေါင်းဘုရားလမ်း၊ အဘယသီဝံ (ရွှေကျင်) တိုက်သစ်ကျောင်းရှိ ဘက်စုံလူမှုကူ ညီရေးအဖွဲ့ (ပုသိမ်)မှ ပြည်သူ့အကျိုးပြု လူမှုကူညီ​ရေးလုပ်ငန်းများကို  အဆိုပါ ကျောင်းတိုက်မှ ဦးစီးပဓာနလမင်းတစ်ရာဘက်စုံ ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိမှ လမ်းညွှန်မှုဖြင့် အများပြည်သူ သွားလာသည့် ပုသိမ်မြို့ပေါ်ရှိ မီးပွိုင့်ရှိရာနေရာများတွင် နေပူခံအစိမ်းရောင် ဇကာများဖြင့် နေပူခံ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်း၌ ပုသိမ်မြို့အဝင် မြက်တိုရုံးပေါင်းစုံ မီးပွိုင့်တွင် ပုသိမ်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စုပေါင်းလုပ်အားဖြင့် ဒါနကုသိုလ်ယူကာ ဆရာတော်နှင့်အတူ ဝိုင်းကူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒ ဘာသာ (၁၄၆၂) ဦး ဖြေဆို
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒဘာသာ (၁၄၆၂) ဦး လာရောက် ဖြေဆိုကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရန် ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်တော့မည်မဟုတ်
Mar 18,2020
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလပြီး၍ နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့ မည်မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသော ကျောင်းသားကျောင်းသူများအား COVID-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ လတ်တလော sအသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များထည့်သွင်းဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က တောင်ဥက္ကလာပမြို့နယ် အ.ထ.က (၃) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်လာသော ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်
Mar 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား ၈၉၈ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယပတ် (၃)လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို  ယနေ့ နံနက်ပိုင်း က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပူတာအိုမြို့၌ ဖွင့်လှစ်မည့် နွေရာသီအခမဲ့ အားကစားသင်တန်းကို ရက်အကန့်အသတ်မရှိရပ် ဆိုင်းသွားမည်
Mar 18,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ် များ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်ဖွံ့ဖြိုး မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ အားကစားနည်း လေးမျိုးကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့သည်။