သတင်းများ

သိန္နီမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်/ဆင်း ကောက်ယူရေးစနစ် မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုနှင့် ကောင်းဝိန်း ကျေးရွာအုပ်စုများသို့ ယမန်နေ့နံနက်(၉) နာရီအချိန် က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး ကျေးရွာအရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ရတနာအိုင့်ချောင်းရေကျနေစဉ် ချောင်းအလယ်တွင် မော်တော်ယာဉ်တစ်စီး စက်ရပ်တန့်မှုဖြစ်ပွား
Sep 02,2020
ချောက်မြို့နယ် အမှတ်(၁၅) ရပ်ကွက်၊ ရတနာအိုင့်ရပ်ရှိ ရတနာအိုင့်ချောင်းမှာ ယမန်နေ့‌ နေ့လယ်အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်း‌ရေကျဆင်းလာပြီး မိုလာဘက်မှမောင်းနှင်လာသော Nissan Panaty အဖြူရောင်ယာဉ်မှာ ချောင်းအလယ်အရောက်တွင် စက်ရပ်သွားပြီး ဆက်လက်မောင်းနှင်မရတော့သဖြင့် ချောက် မြို့နယ် အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။                    
ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာတွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး ခြင်းဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Sep 02,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ ခြင်ကြောင့် ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် ကျေးရွာတွင်းခြင်းဆေးဖျန်းခြင်းလုပ်ငန်းကို စက်တင်ဘာလ (၁) ရက်နေ့၊ ညနေ(၄)ခွဲအချိန်က အဆိုပါကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာဝန်ထမ်း လူငယ်အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် တောင်သုံးလုံးကျေးရွာ၊ ကျောက်မဲတောင်ကျေးရွာများအတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ရေး ကွင်းဆင်း စစ်ဆေး
Sep 02,2020
သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine center အဖြစ် အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး အတွက် ယနေ့ မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
ရေနံချောင်းမြို့ပေါ်၌ ချောင်းတိမ်ချောင်းရေကျကာ ခရီးသွားလာမှု ယာယီပြတ်တောက်
Sep 02,2020
ရေနံချောင်းမြို့၌ မိုးရွာသွန်းမှုမရှိဘဲ မြို့၏အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မြို့အလယ် လမ်းမတော်လမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပွားပြီး လမ်းဖြတ်သန်းမှု ယာယီပြတ်တောက်ခဲ့သည်။
ညောင်ရွှေမြို့၌ Communication Awareness Campaign for Environmental Issues အတွက် Campign Planning Workshop ပြုလုပ်
Sep 02,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားဒေသတစ်ခုဖြစ်သည့်အလျောက် ဒေသတွင်းသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းသာယာသော အဝန်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် အီတလီနိုင်ငံ အခြေစိုက် ICEI (Istituto Cooperazone Economica Internazionale) နှင့် ညောင်ရွှေမြို့နယ် စည် ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော Communication Awereness Campaign for Environmental Issues (Plastic Refuction) အတွက် Campign Planning Workshop ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ညောင်ရွှေမြို့ရှိ Inle Apex Hotel ၌ ပြုလုပ်ခဲ့သည်။