သတင်းများ

အောင်မြေသာစံမြို့နယ်တွင် မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 01,2020
မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ကျောက်တံခါး မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှ​တ်တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်း အစည်းအ​ဝေး ကျင်းပ
Sep 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံ ညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် ကျပ်(၂၀၀၀၀)ထောက်ပံ့ပေးအပ်
Sep 01,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် (၂၀၀၀၀)ကျပ်ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါက်ခေါင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
လက်ပံတန်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၂၉)ဦး အမည်စာရင်းများအား ပြည်သူများ သိရှိနိုင်စေရန် ကပ်ထားကြေညာပေး
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်နှင့်ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဩဂုတ် လ၃၀ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု တောင်ကုန်ကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးစတင်ရရှိ
Sep 01,2020
ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု တောင်ကုန်းကျေးရွာတွင် နိူင်ငံတော်အစိုးရမှ ဖော်ဆောင် လျက်ရှိသော အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)(ကျေးလက်မီးလင်းရေး စီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့ကစတင်၍ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် သြဂုတ်လ၃၀ရက်နေ့မှစ၍ သတ်မှတ်ထားသည့် နေရာများ၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ် နမီကျေးရွာ ပဒါန်းချောင်း မြေထိန်းနံရံကျိုးပေါက်ခြင်း ပြန်လည်ပြုပြင်ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု နမီကျေးရွာတွင် ယမန်နေ့ညနေပိုင်း က မိုးသည်းထန်စွာရွာသွန်းသဖြင့် ပဒါန်းချောင်းရေ မြင့်တက်ပြီး ရွာအဝင်တံတား၏ မြေထိန်းနံရံ ပေ(၇၀)ခန့်နှင့် ကျောက်စီမြေထိန်းနံရံ ပေ(၃၀)ခန့် ချောင်းတာဘောင် ကျိူးပေါက်၍ နမီကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေဝင်ရောက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၅)စု ကျား (၈)ဦးနှင့် မ (၁၄)ဦးတို့အား ညတွင်းချင်း ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းထားရှိပေးခဲ့ပြီး လူနှင့်ကျွဲ၊နွား၊ တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် လယ်မြေဧက (၁၅၀) ခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင်ရှိ သက်ကြီးဘိုးဘွား(၂၇၃)ဦးအား တစ်ဦးလျှင်ကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးမည်
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ သက်ကြီးဘိုးဘွား (၂၇၃)ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ယခုစက်တင်ဘာလအတွင်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။