သတင်းများ

ကျောက်ဂူဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကျောက်ဂူဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးရောင်း၊ ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း များကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် က ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် Maskတပ်ဆင်ခြင်းမရှိသောပြည်သူများအားစစ်ဆေးဆောင်ရွက်လျက်ရှိ
Sep 01,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နေရပ်ပြန်(၁၄)ဦးအား Facility Quarantine သီးသန့်နေထိုင်စောင့်ကြည့်
Sep 01,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် စပါးကျီကျေးရွာ (၁) ဦး ကြိမ်တောမြှောင် ကျေးရွာ (၁) ဦး ၊ ကင်မွန်းချုံ ကျေးရွာ (၄)ဦး၊ ငါးစီးလှောင်ကျေးရွာ(၃)ဦး ကွလှည်းလမ်းကူးကျေးရွာ (၃) ဦး၊ မဲဘလံကျေးရွာ(၁)ဦး၊ တလိုင်းအိုင်ကျေးရွာ(၁)ဦး စုစုပေါင်း (၁၄)ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံ များတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယနေ့ ညနေ (၃)နာရီခွဲ က ထန်းတပင် မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သတ်၍ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ လှိုင်သာယာမြို့နယ်ခန်းမတွင်
ဖလမ်း၌ ကြက်ခြေနီဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
Sep 01,2020
ဖလမ်းမြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များအတွက် ကြက်ခြေနီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၂ နာရီက ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။