မင်းလှမြို့နယ်တွင် သီးသန့်နေထိုင်စောင့်ကြည့်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို စစ်ဆေး

မင်းလှ(ပဲခူး) စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားသော အမှတ် (၅)ရပ်ကွက်၊ ရွှေမြင့်မိုရ် တရားရိပ်သာ သီးသန့်နေထိုင် စောင့်ကြည့်ရေး စခန်းနှင့် စစ်ကွင်းမြို့၊မြို့မရပ်ကွက် တိုက်နယ်ဆေးရုံ ထားရှိသော သီးသန့်နေထိုင် စောင့်ကြည့်ရေးနေရာတို့တွင် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေ အနေများကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမို့မို့အောင်က စစ်ကွင်းမြို့ တိုက်နယ် ဆေးရုံထားရှိသော သီးသန့်နေထိုင် စောင့်ကြည့်ရေးနေရာ၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ  လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ အခြေအနေများအား ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နိုင်ငံခြားပြန်နှင့် ရခိုင်ဒေသပြန်အခြေအနေများ၊ စောင့်ကြည့်လူနာများကို အာခေါင်တို့ပတ်ယူခြင်း ဆောင်ရွက် ထားရှိမူ၊ စေတနာ့ ဝန်ထမ်းများထားရှိမူ၊ စောင့်ကြည်သူများ၏ ကျန်မာရေးစောင့်ရှောက်မူနှင့် ဆေးဝါး စားသောက်နေထိုင်မှု အခြေအနေများအား မေးမြန်းရာ စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းကြူနှင့် ဒေါက်တာ မင်းစိုးစိုးတို့က ပြန်လည် ရှင်းလင်း ပြောကြားသည်။

အလားတူ မင်းလှမြို့၊အမှတ်(၅) ရပ်ကွက်၊ ရွှေမြင့်မိုရ် တရားရိပ်သာ သီးသန့်နေထိုင် စောင့်ကြည့်ရေးစခန်းတွင်  နိုင်ငံခြား ပြန်များ ထားရှိသည့်နေရာ၌  ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ လှဝင်းနှင့် ကိုဗစ်-၁၉ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမြင့်မိုရ်တရားရိပ်သာသီးသန့်နေ ထိုင်စောင့်ကြည့်ရေးစခန်းစခန်း၌ (၂၁)ရက်ကြာ စောင့်ကြည့်ခံရသူ (၃၀)ဦးရှိပြီး စစ်ကွင်းတိုက်နယ် ဆေးရုံထားရှိသော သီးသန့်နေထိုင် စောင့်ကြည့်ရေး နေရာ၌(၂၂) ဦးရှိ ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)