သတင်းများ

မြောင်းမြ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဗွီနိုင်းပိုစတာစိုက်ထူ
Mar 19,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်တွင် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာတင့်တင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် အဖွဲ့အစွဲ့အစည်းများမှ တာဝန်ရှိသူများက ရပ်ကွက်များအတွင်း အသိပညာပေး ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲပေးခဲ့ ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ရုံး၌ လက်ဆေး ဘေစင်ထားရှိပေး
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ လက်ဆေးဘေစင်တစ်ခု တပ်ဆင်ထားရှိပေးထားကြောင်း သိရသည်။
ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက ဇီးပင်ကန်ကျေးရွာသို့ရေလှူဒါန်း
Mar 19,2020
ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက စက်ရေတွင်းပျက်၍ ရေအခက်အခဲဖြစ် နေသော ပခုက္ကူမြို့နယ် ဇီးပင်ကန်ကျေးရွာ ပြည်သူများထံသို့ ယမန်နေ့ ညနေ ၅ နာရီက‌ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Mar 19,2020
အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်လျက်ရှိရာ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဘိုးအဘွားများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
မြောင်းမြမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ (COVID-19) ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာ(၅)နေရာ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ လက်ဆေး နည်းစနစ် သရုပ်ပြခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်သည်။
ပွင့်ဖြူမြို့နယ် ကံကျေးရွာ လေးလက်မ စက်ရေတွင်း တူးဖော်ဆောင်ရွက်
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကံကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အချိန်မီပြီးစီးရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးဆွေးနွေး
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်ဝင်းသည် တိုင်းဒေသကြီး၀န်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ယမန်နေ့ညနေ ၂ နာရီက ရေဦးမြို့နယ်လုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မာင်မြင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်း တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ခရမ်းမြို့နယ် မီးသတ်စခန်းသစ် ပန္နက်တင် အခမ်းအနား ကျင်းပ
Mar 19,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မီးသက်ဦးစီးဌာန၏ မြို့နယ်မီးသက်စခန်းသစ် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသက်ဦးစီးဌာန ဝန်းတွင်ကျင်းပခဲ့သည်။