သတင်းများ

သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်တမ်းလွန် ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာဆွေးနွေးပွဲ သထုံတွင် ပြုလုပ်
Mar 19,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်
Mar 19,2020
တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက စားသောက်ဆိုင်များ၊ လူစည်ကားရာနေရာများ၌ အသိပညာပေး ပိုစတာများကပ်၍ ကြေညာထားသည်။
COVID-19 ရောဂါကာကွယ်ရေး ညောင်ရွှေ၌ ဆွေးနွေး
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၄၄) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်
Mar 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၉၄၄) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃) လ အတွက် ထေက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်း
Mar 18,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  မြို့မဈေး၊ ကားဂိတ်များ၊ ကတို့ဆိပ်များ အစရှိသည့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မှန်ကန်သော လက်ဆေးနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်
Mar 18,2020
မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို  ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။