သတင်းများ

မင်းဘူးခရိုင်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ဩဂုတ်လ ၃၀ ရက်နေ့မှစ၍
တိုင်းဒေသကြီးနှင့်ပြည်နယ် (ဗဟို) အဆင့် Exercise is Medicine လှုပ်ရှားဆောင်ရွက်မှု အတက်ကြွဆုံး လှုပ်ရှားဆောင်ရွက်သည့်ခရိုင်အဆင့်“ ပထမ”ဆု မြိတ်ခရိုင်ရရှိ
Sep 01,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်(ဗဟို)အဆင့် Exercise is Medicine လှုပ်ရှားဆောင်ရွက်မှုတွင် အတက်ကြွဆုံးလှုပ်ရှားဆောင်ရွက်သည့် ခရိုင်အဆင့်“ပထမ”ဆုကို မြိတ်ခရိုင်မှရရှိခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ပြည်သူများအတွက် ပင်လောင်းမြို့ အ.ထ.က(၁)တွင် Facility Quarantine Center အဖြစ် အသုံးပြုနိုင်ရေး ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေရပ်ပြန်ပြည်သူများအား Facility Quarantine Centerအဖြစ် မြို့နယ်ဘက်စုံသုံး ခန်းမတွင် နေရပ်ပြန်ပြည်သူများကို ထားရှိအသုံးပြုလျက်ရှိပြီး ကျောင်းများ ပြန်ပိတ်ထားရခြင်းကြောင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအား နေရပ်ပြန်ပြည်သူများကို ပြန်လည်ထားရှိအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို တမုတ်ချုန်ကျေးရွာသို့ အသိပညာပေးလှုံ့ဆော်ခြင်း ကွင်းဆင်းဆောင်ရွက်
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စုအတွင်းမှ တမုတ်ချုန်းကျေးရွာနှင့် ကမ္မလိုင်းကျေးရွာရှိ ဒေသခံပြည်သူများကို ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု ထိန်းချုပ်ကာကွယ်ယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်း အရာများအား ကျယ်ကျယ်ပျံ့ပျံ့ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးအကြောင်း သိကောင်းစရာများပြသ
Sep 01,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်ပြဘုတ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးအကြောင်း သိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက ပြသထားကြောင်း သိရသည်။
ကဝမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကပ်ထားကြေညာ
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည် ဖြစ်ရာ ဩဂုတ် (၃၀)ရက်နေ့မှ စတင်၍
ဝေါမြို့နယ်တွင် Facility Quarantine စခန်းများတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများအား စနစ်တကျ ကြည့်ရှုစောင့်ကြပ်ပေးလျက်ရှိ
Sep 01,2020
ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် ဝေါမြို့နယ်အတွင်းမှ မြန်မာနိုင်ငံသားများအား စနစ်တကျ စစ်ဆေးကြပ်မတ်၍ ဝေါမြို့နယ် Facility Quarantine စခန်းများတွင် စနစ်တကျ ကြိုဆို၍ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တမ္ပဝတီရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်များအတွက် Ngwe Bike Application ဖြင့် ကိုယ်ဝန်ဆောင်စာရင်းသွင်းခြင်းများ ကူညီဆောင်ရွက်ပေး
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက နိုင်ငံတော်အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်များအား ငွေကြေးထောက်ပံ့မည့်အစီအစဉ် Ngwe Bike Application ဖြင့် ကိုယ်ဝန်ဆောင်စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများကို၊ ယနေ့နံနက် (၁၀) နာရီက တမ္ပဝတီရပ်ကွက် ဓမ္မာရုံတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။