လယ်ဝေးမြို့နယ်၌ (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

လယ်ဝေး     စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ()နှစ်ခွဲ အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ကျေးရွာများအလိုက် ဆေးထိုးစု ရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကလေးငယ် များအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ကာ အသက် အရွယ်အလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် စသည့်()မျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ) ဝက်သက်၊ ဂျိုက်သိုး၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ပြီး ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထို့နောက် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စက်တင်ဘာ (၂၀) ရက်မှ စတင်ထိုးနှံမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသိပညာပေးအကြောင်း အရာများ ဟောပြောခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ စက်တင်ဘာလတွင် ကလေးငယ်(၂၂၇၁)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၇၁၄)ဦးကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း လယ်ဝေးမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်() ဦးကျော်မိုးထံမှ သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)