ဖလမ်း၌ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေေကြေးထောက်ပံ့ငွေများ ထုတ်ပေး
Sep 01,2020
မိခင်နှင့်ကေလးသူငယ်များ၏ ဘဝပထမရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာ ရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ဖာရ်ထောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးကြောင်း သိရသည်။