သတင်းများ

အင်းစိန်(ပြန်/ဆက်)၊ပြည်သူ့စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 18,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြည်သူ့ စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Mar 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ Oriental Highway တိုးဂိတ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ‌သည်။
ဆောမြို့နယ်၊ စာစစ်ဌာန (၁၀) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၃၈၄ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၂၄၄၂ ဦးရှိ
Mar 18,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ သတ္တမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၃၉၃ ဦးတွင် ဖြေဆိုသူ ၃၈၄ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၉ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၇၁ ရာခိုင်နှုန်းဖြစ်သည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂)ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆို
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူပေါင်း၍ ပတ္တမြားဈေးနှင့် လူစည်ကားရာနေရာများသို့ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။
သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။