သန်လျင်၌ စည်းကမ်းတကျ ဈေးရောင်းချရေး ဆောင်ရွက်

သန်လျင် စက်တင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ဈေးအသီးသီးနှင့် လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ တစ်လမ်း မောင်းသတ်မှတ်လမ်းများတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စီမံချက်ချ ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်ကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားရေးတို့ အတွက် စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ သန်လျင် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ ရှိစေရေး၊ ကိုဗစ်ကာလ ရောဂါပြန့်ပွားမှု မရှိစေရေးတို့ အတွက် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီဝင်များ၊ အမှုဆောင် အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

သန်းဝင်း(သန်လျင်)