ကဝမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကပ်ထားကြေညာ

ကဝ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဩဂုတ် (၃၀)ရက်နေ့မှ စတင်၍ ကဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်စာရင်းများကို မြို့နယ် ကော်မရှင်ရုံးနှင့် ကဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀၃)အုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထား ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရုံးမှသိရသည်။

ကဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာတွင် (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာ တွင် (၅)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁) တွင် (၄)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)တွင် (၆)ဦး ၊ တိုင်းရင်းသားလူမျိုးများ ကိုယ်စားလှယ် စာရင်းတွင် (၈)ဦး ၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း(၂၇) ဦးစာရင်းအား ကပ်ထားကြေညာပေးထားကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)