လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးအကြောင်း သိကောင်းစရာများပြသ

လိပ်သို စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်ပြဘုတ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးအကြောင်း သိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်​ပြဘုတ်တွင် အဆိပ်ငွေ့ကိုရှူရှိုက်နေကြအုံးမလား၊ ငွေဖြင့်ဝယ်ယူနေသော ရောဂါများ၊ ဆေးရွက်ကြီးဟာ ဘယ်လိုပုံစံနဲ့ပဲ သုံးစွဲသုံးစွဲ အန္တရာယ်ရှိနေဆဲဖြစ်တာမို့ အမြန်ဆုံး ဆေးရွက်ကြီးဖြတ်သင့်ပါပြီ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးလိပ်မဖြတ်နိုင်သေးသူတွေ ရေပြောင်းကဲ့သို့သော ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေကို မြင့်မားစေပါသည်၊ ဆေးရွက်ကြီးပစ္စည်းများသည် ကျန်းမာရေးကို ထိခိုက်စေပါကြောင်း သိကောင်းစရာများကို ပြသသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ပိုစတာများနှင့် မှိုအဆိပ်သင့်ခြင်း အန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေး ပိုစတာတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)