ပင်လောင်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေရပ်ပြန်ပြည်သူများအား Facility Quarantine Centerအဖြစ် မြို့နယ်ဘက်စုံသုံး ခန်းမတွင် နေရပ်ပြန်ပြည်သူများကို ထားရှိအသုံးပြုလျက်ရှိပြီး ကျောင်းများ ပြန်ပိတ်ထားရခြင်းကြောင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအား နေရပ်ပြန်ပြည်သူများကို ပြန်လည်ထားရှိအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်ပြည်သူများအား နေရေးထိုင်ရေး အဆင်ပြေချောမွေ့စေရန် ယနေ့နံနက်ပိုင်းက Facility Quarantine Centerအဖြစ် အသုံးပြုမည့် အ.ထ.က(၁)တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေက ဦးဆောင်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ် ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူလူထုများက စုပေါင်း၍ စာသင်ခန်းရှိ စာသင်ခုံများ၊ ထိုင်ခုံများ စနစ်တကျ ဖယ်ရှားစီးတန်းခြင်း၊ ကုတင်များ၊ အိပ်ရာခင်းများ သယ်ယူခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်