မိုင်းကိုင်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်အတွင်း Covid-၁၉ စီးပွားရေးကုစားမှု (CERP) အစီ အစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ် သည့် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး အရာရှိ ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများ ၊မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများ တက်ရောက် ခဲ့ကြသည်။