သတင်းများ

အောင်မြေသာစံမြို့နယ်တွင် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအသင်းအဖွဲ့များအား သယ်ယူပို့ဆောင်စရိတ်များ ထောက်ပံ့ပေးအပ်
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအသင်းအဖွဲ့များအား သယ်ယူပို့ဆောင်စရိတ်များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟင်္သာတ၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိနှင့် မျိုးကွဲနုတ်ပယ် ပေါင်းမြက်ရှင်းခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး
Sep 04,2020
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တလုတ္ထော်(Knowledge Center)နယ်မြေရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေးငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြု
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေး ငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ကမ်းဝေး ငါးဖမ်းလုပ်ငန်းခွင်ရှိရာ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။
ဖယ်ခုံမြို့ရှိစားသောက်ဆိုင်များ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိမရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက် ဆိုင်များ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ ယနေ့ ရှောင် တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ပန်ဝါမြို့၌ နေရပ်ပြန် ပြည်သူများအား Facility Quarantine (၂၁)ရက် ကန့်သတ်ထားရှိ
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့တွင် စက်တင်ဘာ(၃) ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၈)ဦးတို့အား ပန်ဝါနယ်စပ် ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ပန်ဝါတိုက်နယ် ဆေးရုံးမှ ဆရာဝန် ဒေါက်တာဇော်ထက်ကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့မှ ကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့် စစ်ဆေးရန်အတွက် ပန်ဝါတိုက်နယ်ဆေးရုံး၌ (၂၁)ရက် ကန့်သတ်ထားရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
COVID–19 ရောဂါထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ၏ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်‌ရေး စစ်ဆေးအသိပေး
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် COVID – 19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အ တွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချစေရေးတို့အတွက် ယနေ့ နံနက် ၈ နာရီက ရေဦးမြို့ဈေးနှင့် ပတ်၀န်းကျင် အနီးရှိ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့သည်။
အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေး
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများအား Covid-19 ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်