သတင်းများ

မအူပင်မြို့၌ နေအိမ်မှပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက ''ယခုဝယ်၊ ယခုတပ်'' စနစ်ဖြင့် ဆက်လက်ဆောင်ရွက်
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်မှပြင်ပသို့ ထွက်ခွာသူ များ ပါးစပ်နှာခေါင်းစည်း(Mask)မတပ်ဆင်ပါက “ယခုဝယ်၊ယခုတပ်” စနစ်ဖြင့်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း၌ မွေးကင်းစမှ (၂) နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့နံနက်ပိုင်းက (၄) မိုင် ကျေးရွာနှင့် (၆) မိုင်ကျေးရွာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 04,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၄)ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။
သွေးလွန်တုပ်ကွေးအန္တရာယ်မဖြစ်ပွားစေရေး Global Bio Luck Co.,Ltd မှ သပိတ်ကျင်းမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်း
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဌာနဆိုင်ရာ ရုံးများ၊ ဈေးများအား Global Bio Luck CO.,Ltd မှ ယမန်နေ့ နေ့လယ်က ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအမည်စာရင်း ပြည့်စုံမှန်ကန်၊ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင် စစ်ဆေးခြင်း များ ဆောင်ရွက်
Sep 04,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေးနှင့်
တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဝေငှပေး
Sep 04,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် အများပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မပါရှိသူများအား အခမဲ့ဝေငှ ပေးခြင်းတို့ကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ နေ့လယ် ၃ နာရီက အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။