ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များသို့ နှာခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ် များလှူဒါန်း
Sep 04,2020
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာ မြို့နယ်များတွင် အသုံးပြုရန် နှာခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ်များ ကို IR HOTAL (နန်းတော်ဝင်)နှင့် အလှူရှင်များက လှူဒါန်းရာ မြောက်ပိုင်းခရိုင်ကြက်ခြေနီဥက္ကဋ္ဌ ဦးနေဆန်းက လက်ခံယူ ပြီး အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မှော်ဘီမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၊ ရွှေပြည်သာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ များသို့ ယနေ့ နံနက် ၉ နာရီက ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။