သတင်းများ

နောင်ချိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 04,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်အတွင်း နေထိုင်သည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများအား တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ယာဉ်ထိခိုက်မှုအန္တရာယ်ကင်းရှင်းစေရေး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့တပ်ဆင်ပေး
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက်(၈)နာရီ မှ စ၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်ထိခိုက်မှု အန္တရာယ်ကင်းရှင်းစေရေး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့တပ်ဆင်ပေးခဲ့ကြသည်။
ပန်းတနော်မြို့၌ စျေးအတွင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရောင်းချခြင်းမရှိသည့် စျေးသည် သုံးဦးအား ဒဏ်တပ်အရေးယူ
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးနှင့် ပျံကျစျေးအတွင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက် ၉ နာရီက လိုက်လံစစ်ဆေး ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၃ ဦးအား ရွေးချယ်ဆောင်ရွက်
Sep 04,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ သက်ဆိုင်ရာမဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၀၃)ဦးနှင့် အရန်အထူးရဲ (၂)ဦးကို ရွေးချယ်ထားရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ဇလွန်မြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page ၏ ဉာဏ်စမ်းပ​ဟေဠိ အစီအစဉ်များအတွက် လက်​ဆောင်ပစ္စည်းများ လာရောက်လှူဒါန်းပေး
Sep 04,2020
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိ​စေရန်အတွက် စာကြည့်တိုက်များတွင် စာအုပ်များ အခမဲ့ဖတ်ရှုငှားရမ်း​ပေးခြင်း၊ အထိမ်း အမှတ်​နေ့များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါနသင်တန်းများ ဖွင့်လှစ်​ပေးခြင်းတို့ကို​ဆောင်ရွက်​ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတရရှိ​​စေသည့် “အွန်လိုင်း အသိပညာ​ပေးအစီအစဉ်” များကို ​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိ သည်။
ပြည်ကြီးမဏ္ဍိုင်​မြို့ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးဆောင်ရွက်
Sep 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြို့သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ရည်ရွယ်၍​ မြို့အဝင်/အထွက် ဆိုင်းဘုတ်နှင့်လေညာရပ်ကွက်ရှိ အဝိုင်းပတ်တို့အား ရှင်းလင်းခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံ ဦးမျိုးအောင် ဦးဆောင်၍ယနေ့နံနက် (၈) အချိန်က စတင်ဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေး
Sep 04,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ဆိပ်ဖြူမြို့နယ်၊ ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှု အခြေအနေတို့ကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။