တောင်ဥက္ကလာပမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးငေွပေးနိုင်ရန် ငွေဗိုက် (Ngwe bike) Application ပြုလုပ်နည်းဝန်ဆောင်မှုဆောင်ရွက်ပေး

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ်(၃၀၀၀၀) တစ်ကြိမ် ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ ထောက်ပံ့ကြေးငွေရယူနိုင်ရန် Google Play Store နှင့် Apple Store တို့တွင် ငွေဗိုက် (Ngwe Bike) Application ကို Download ရယူပြီး စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် နားလည်မှုမရှိပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လူကိုယ်တိုင် အထောက်အထားနှင့်တကွ စာရင်းလာရောက်သွင်းပါက လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ Phone Application အတွင်း စာရင်းရေးသွင်းပေးလျက်ရှိကြောင်း သိရသည်။

ငွေဗိုက် (Ngwe Bike) Application တွင် စာရင်းသွင်းပေးနေမှုနှင့် ပတ်သတ်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ ကိုယ်ဝန်ဆောင်မိခင်များ စာရင်းပေးသွင်းရာတွင် အဆင်ပြေချော မွေ့အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ထောက်ပံ့ငွေသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တစ်ကြိမ် သာထောက်ပံ့သော ငွေကြေးဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားရက်မှာ စက်တင်ဘာလ(၁၅) ရက်နေ့အထိသာ ဖြစ်သဖြင့် ငွေဗိုက် (Ngwe Bike) Application တွင် မိမိအစီအစဉ်ဖြင့် ဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာန၏ အကူအညီဖြင့် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)