၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧက လျာထား
Sep 04,2020
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ဧက ၂၇၆၂၃ ဧကလျာထားကြောင်း သိရသည်။ အဆိုပါ မိုးမြေပဲများကို ဇူလိုင်၊ သြဂုတ် မိုးတွင်အပြီးစိုက်ကာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ယခင်က စိုက်ပျိုးနေသည့်မျိုးများမှ အထွက်ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်သည့် မြေပဲမျိုးများဖြစ်သည့် မကွေး ၁၁၊ မကွေး ၁၆၊ မျိုးသန့်ပွားများ စိုက်ပျိုးထုတ်လုပ်ပြီး မျိုးကောင်းမျိုးသန့်ဖလှယ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။