ပေါင်းတည်မြို့တွင် သစ်ပင်ပိ၍ နေအိမ်ပြိုလဲခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Sep 04,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေခိုင်ဆက်နှင့်ဝန်ထမ်းများ သည် ယနေ့ နံနက် ၉ နာရီက ပေါင်းတည်မြို့နယ် အုပ်ဖို(၂)ရပ်ကွက် ၃ ရလမ်းအနောက်ပိုင်း အတွင်း လမ်း၌ စက်တင်ဘာ(၂)ရက်နေ့ညက သစ်ပင်ပိ၍ နေအိမ်ပြိုလဲသွားခဲ့သည့် အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး(၂)သိန်းကျပ်၊ လူဦးရေ(၁၉)ဦးအတွက် ဆန်ဘိုး(၃၉၉၀၀)ကျပ်နှင့် အိမ်ထောင်စု (၄)စုအတွက် ပစ္စည်း(၁၆)မျိုးပါ ၁၃၉၀၁၂ ကျပ်တန်ဘိုးရှိ ထောက်ပံ့ရေးပစ္စည်း ပုံး(၄)ပုံးတို့အား အုပ်ဖို(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေး စာရေးဝန်ထမ်းများနှင့်အတူ နေအိမ်ပြိုလဲခဲ့သည့် ပြည်သူများ၏ နေအိမ်သို့သွား ရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။