ပေါက် စက်တင်ဘာ ၄
``ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကိုတို့ရှေးရှု" ဟူသော ဆောင်ပုဒ်နှင့်အညီ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ် စက်ဝန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာလူထုထည့်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီး စီးအောင်မြင်ခဲ့သော ကျေးရွာဘက်စုံသုံးခန်းမ ဆောင်တည် ဆောက်ပြီးစီးမှု အတွက်လူထုစစ်ဆေးပွဲကို ပေါက်မြို့နယ် ကမ်းပျိုကျေးရွာအုပ်စု အင်းယာကျေးရွာ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပသည်။
ရှေးဦးစွာလူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူတို့က လူထုစစ် ဆေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ပြောကြားကြသည်။
လူထုစစ်ဆေးပွဲ ဆောင်ရွက်ရာတွင် လူထု၏လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင် ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှု အဖွဲ့များအနေနှင့် ကျေးရွာလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု သေချာစေရန်နှင့် ကျေးရွာ လူထုများမှ မိမိတို့၏ ထင်မြင် ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြု ချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပြုလုပ်ရခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက် ကျေးရွာလူထုများမှ စိတ်ကျေနပ်မှု မည်မျှ ရှိ/မရှိတို့ကို ရယူရန်အတွက် စစ်တမ်းစာရွက်များအား ဖြန့်ဝေပေးခြင်း၊ ပြန်လည်ကောက်ယူခြင်း၊ ရရှိလာသောလုပ်ငန်းစဉ်နှင့် ရလဒ်ထွက်ရှိချက်များအား ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် အစည်းအဝေးပွဲတွင်ချပြခြင်း ကြော်ငြာဆိုင်းဘုတ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်းတွင် ကမ်းပျိုကျေးရွာအုပ်စု၊ အင်းယာကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၃၅သိန်းကျော်၊ ကျေးရွာလူထုထည့်ဝင် ငွေကျပ်(၅၅)သိန်းကျော်ဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောင်တည် ဆောက်ပြီးစီးအောင် မြင်သွားပြီဖြစ်၍ ကျေးရွာရှိ ပြည်သူများ သာရေးနာရေးများ လုပ်ကိုင်ဆောင် ရွက်ရာတွင် များစွာအ ကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)