မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

 

မိုင်းပန်  စက်တင်ဘာ ၄

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မိုင်းပန် မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များမှ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် အသိပညာ ပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဝိုးလိုင်းကျေးရွာအုပ်စုအတွင်းရှိ(၃)မိုင်ကျေးရွာ၊ တုံတစ်ကျေးရွာ၊ (၉) မိုင်ကျေးရွာ၊ ဝမ်ထမ်ကျေးရွာ၊ ရွာသာယာကျေးရွာနှင့် တာဆန်းကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူ များသို့ပန်ကြားချက်များအား ဆော်ဩခြင်း၊ လူသွားလူလာများသည့် လမ်းဆုံလမ်းခွများ၊ ထင်သာ မြင်သာ ရှိသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် လိုက်နာရမည့် အချက် အလက်များပါသည့် အသိပညာပေးပိုစတာများ ကပ်ထားခြင်း၊ ကျေးရွာနေပြည်သူများ အား အသိ ပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့အပြင် တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မိုင်းပန် မြို့ဝင် စစ်ဆေးရေးဂိတ်များတွင်လည်း လက်ကမ်း စာစောင် များဖြန့်ဝေခဲ့ကြကြောင်းနှင့် အဆိုပါစစ်ဆေးရေး ဂိတ်များအနေဖြင့် ခရီးသွားပြည်သူများ၏ ခရီးသွား မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း များအား နေ့စဉ်စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)