ဇလွန်​မြို့နယ်အတွင်းရှိ စား​သောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ဇလွန်  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ကွင်းဆင်း စစ်ဆေးရာတွင် ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များ ရောင်းချရာတွင် စားသောက်ဆိုင်များတွင် လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ၊ ချက်ပြုတ် ရောင်းချနေသော အခန်းများအား သန့်ရှင်းစွာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဝေယံ- ဇလွန်(ပြန်/ဆက်)