ဒဂုံ​​မြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ဒဂုံတောင် စက်တင်ဘာ ၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေမှုကို ယနေ့ နံနက်(၉)နာရီအချိန်က လူများ စုဝေးသွားလာလျက်ရှိသော နေရာများသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ဦးဆောင်၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခြင်းဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်မည် ဖြစ်ပြီး အကြောင်းအမျိုးမျိုး​​ကြောင့် မိမိနေအိမ်ပြင်ပသို့ ထွက်ခွာလာ ပါက တပ်ဆင်လာကြရန်လည်း အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ဦးဆောင်၍ လူအများစုဝေးတတ်သော စျေး၊ ကားဂိတ်များ တွင်လည်း လိုက်လံပေးဝေးခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထား သော စည်းမျဉ်းစည်းကမ်း များကို ပြည်သူများ အထူး ဂရုပြု လိုက်နာကြရန် ပြောကြားခဲ့ပြီး မိမိတို့နှင့် အတူ စည်မျဉ်းစည်းကမ်းတွေ လိုက်နာကြရန် နှိုးဆော်စာများ၊ လက်ကမ်း ပိုစတာများ ကိုလည်း ပြည်သူ များ လက်ဝယ်အရောက် ပေးအပ်နိုင်ခဲ့​ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)