မော်လမြိုင် စက်တင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးတိုးလွင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဝေလင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသောအဖွဲ့များသည် ယမန်နေ့ နေ့လယ် ပိုင်းတွင် CBFQ စခန်းများ၊ ရပ်ကွက်များ၊ ဘူတာရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့ရှိ CBFQ ဖွင့်လှစ်ထားသော တက္ကသိုလ်(၁၀) မြို့နယ် အဆောင်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် Quarantine Centre ကွင်းဆင်း စစ်ဆေး၍ ကျန်းမာရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၏ လိုအပ်ချက်များဖြည့်ဆည်း ပေးခြင်း၊ မော်လမြိုင်မြို့ရှိ Stay at Home ဆောင်ရွက်ထားသော စစ်ကဲကုန်းရပ်ကွက်နှင့် မုပွန်ရပ်ကွက်များသို့ သွားရောက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှိုးဆော်ကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေး၍ လိုအပ် သည်များ ဖြည့်ဆည်းပေးခြင်းနှင့် မော်လမြိုင်မြေနီကုန်း ဘူတာကြီးသို့သွားရောက်ပြီး ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များနှင့် ရထားခရီးစဉ်ဖြင့် ရောက်လာသူများအား အတည်ပြုလူနာ တွေ့ရှိသည့် တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာသူများကို Quarantine Centre များသို့ ပို့ဆောင်စေခြင်းများ အဖွဲ့ အစည်းပေါင်းစုံဖြင့်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)