သတင်းများ

 တောင်တွင်းကြီးမြို့နယ်တွင် ဆူးပုပ်ပင်များကို ခြံစည်းရိုးအဖြစ်စိုက်ပျိုး
Sep 04,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ထန်းပင်စုကျေးရွာရှိ ဥယျာဉ်ခြံစိုက်တောင်သူ အများစုသည် ဆူးပုပ်ကြီး၊ ဆူးပုပ်ကလေးများကို အိမ်ဝင်းခြံစည်းရိုးလုပ်ကာ မိသားစု‌အပိုဝင်ငွေရရှိကြောင်း ဆူးပုပ်စိုက်တောင်သူများထံမှသိရသည်။
ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာရှိ ငါးမွေးတောင်သူ ၄၂ ဦးအား ငါးသားပေါက်များပေးအပ်
Sep 04,2020
နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ကယားပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေ ရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ လိုက်လံစစ်ဆေး
Sep 04,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူ ချက်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ဇီးကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၉)ဦးအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့်ဆက်လက်ပို့ဆောင်
Sep 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော် မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ များအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး သို့ စနစ် တကျလွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပါသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် ကုန်စုံဆိုင် ပိုင်ရှင်များအား အသိပေးဆွေးနွေး
Sep 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ကျင်းပ ပြုလုပ်သည့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဘက်ရည်ဆိုင်ပိုင်ရှင်များနှင့် ဆွေနွေးခြင်း၊ အသိပညာပေး ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကပ်ထားကြေညာ
Sep 04,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဩဂုတ်လ (၃၀) ရက်နေ့မှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 04,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ​ဒေါ်မိုးမိုးစုကြည်သည် မြို့နယ် စည်ပင်သာယာ​ရေးကော်မတီဥက္ကဋ္ဌ၊ လမ်းတံတားတာဝန်ခံ၊ ​ရေစီးရေလာတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူစီမံ ကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်​ လုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ကျိုက်မရော၌ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ဌာနဆိုင်ရာ အဖွဲ့များမှကွင်းဆင်း စစ်ဆေးပေး
Sep 04,2020
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေး ပိုင်ခွင့် ရရှိရေးအတွက် မဲစာရင်းများတွင် အမည်များမှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုများ မဖြစ်ပေါ် စေရေးအတွက် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင် လမ်းညွှန် မှုဖြင့် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာ တာဝန်ရှိသူများမှမိမိတို့တာဝန်ကျရာ ကျေးရွာ အသီးသီး ရှိသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်၍ မြေပြင် ရှိမဲ ဆန္ဒရှင် ပြည်သူများ အားတစ်အိမ်တက်ဆင်း ကွင်းဆေး၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။