ဘီးလင်း စက်တင်ဘာ ၄
သထုံခရိုင်၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် (Woman Club)တို့ ပူးပေါင်း ၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေး မျိုးမျိုးစံ က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ် ချက်ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ဖေမြင့် ရေးသားသည့် "အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ စာပေချစ် မြတ်နိုးသူများ နှင့် Womam Club အဖွဲ့၀င်များက ၎င်းတို့နှစ်သက်ရာခေါင်းစဉ်များကို ဆွေး နွေးကြပြီး စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးသိန်းလွင်က စာအုပ်ပါ အကြောင်းအရာများ အပေါ် သုံးသပ်ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေး ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ခဲ့ကြပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) ၊Woman Club မှအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ထူးနောင် (ပြန်/ဆက်)