ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကျောင်းဝန်းအား Quarantine Centre အဖြစ် ထားရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ကျောင်းဝန်းအား Quarantine Centre အဖြစ် ထားရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး တက္ကသိုလ် များ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့် အဖွဲ့သည် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ နှင့် အခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ထားရှိမည့် အခန်းများကို သန့်ရှင်းရေးဆောင်ရွက်ရမည့် အခြေအနေများ၊ ပိုးသတ်ဆေးဖျန်းမှု များ၊ အဆိုပါ Quarantine Centre မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို မည်သို့ဆောင်ရွက်မည့် စသည့်အကြောင်းအရာများအား ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)