လေးမျက်နှာ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဝန်းထမ်းများ အဆင်ပြေ စေရေးအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းမှ မိမိတို့ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန် ကာလတွင် ရောဂါမဖြစ်ပွားစေရေးအတွက် စည်းကမ်းရှိစွာ စနစ်တကျ နေထိုင် သွားလာရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း ဖြစ်ကြောင်း တို့ကိုပြောကြားကာ ထောက်ပံ့ပစ္စည်းများ ဖြစ်သည့် ဆန် ၆ ပြည်နှင့် ဖုန်းဘေ (၃၀၀၀)တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)