တိုက်ကြီး စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြင့် ဆောင်ရွက် နေသည့် သံကူကွန်ကရစ် တံတားဆောက်လုပ်နေမှုအခြေ အနေအား တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် နှင့်အဖွဲ့တို့ ယမန်နေ့ က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်၊ အင်ဂျင်နီယာများ၊ မြို့မမြို့ဖများ၊ အဖျောက်မြို့ တာဝန်ခံများ ပါဝင်သော အဖွဲ့သည် အဖျောက်မြို့ အမှတ်(၄)ရပ်ကွက် ဘုရားကြီးတောင်စုလမ်း ဆည်မြောင်း တာဘေး အောက်ခြေ သံကူကွန်ကရစ်တံတားဆောက်လုပ်နေသော လုပ်ငန်းခွင် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြ ခဲ့ပြီး တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် က လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)