ကျိုက်လတ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ချထားနိုင်ရေး၊ ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များအား တစ်ယောက်မကျန် ခရီးသွားထောက်ခံစာ စစ်ဆေးနိုင်ရေး၊ စစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်နယ်နှင့် Stay at Home ဒေသမှ ပြန်လာသည့်သူများအား Quarantine ဝင်ရန် ဆောင်ရွက်ထားနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရန်အချက်များ ပြည်သူများ သိရှိစေရန် ထပ်မံအသိပေး ကြော်ငြာနိုင်ရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)