သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကပ်ထားကြေညာ

သံတောင်ကြီး၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဩဂုတ်လ (၃၀) ရက်နေ့မှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၉၅) ရုံဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်းစိစစ်ပြီးနောက်ပိုင်း မဲဆန္ဒရှင်အမည်စာရင်း (၆၁၁၄၇) ဦးရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် (၅) ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒအမှတ် (၁) တွင် (၆) ဦး၊ ပြည်နယ်လွှတ်တော်  မဲဆန္ဒအမှတ် (၂) တွင် (၆) ဦး၊ ဗမာတိုင်းရင်းသားဝန်ကြီး (၁၀) ဦး၊ မွန်တိုင်းရင်းသားဝန်ကြီး (၈) ဦး၊  ပအိုဝ့်တိုင်းရင်းသားဝန်ကြီး (၉) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိပြီးဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)