မရမ်းကုန်း စက်တင်ဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ လမ်းတံတားတာဝန်ခံ၊ ရေစီးရေလာတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူစီမံ ကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
အဆိုပါလုပ်ငန်းများမှာ မရမ်းကုန်းမြို့နယ် အမှတ်(၉)ရပ်ကွက် မြဝတ်ရည်လမ်းရှိ ဦးဝတုတ်တံတား ဆောက်လုပ်နေမှု အခြေအနေ၊ အမှတ် (၈)ရပ်ကွက် သူရဿတီလမ်းဒေါင့်နှင့် ကမ္ဘာအေးဘုရားလမ်းထောင့် အုတ်ရေမြောင်းဆောင်ရွက်မှု အခြေအနေ၊ အမှတ်(၅) ရပ်ကွက် နာဂလှိုဏ်ဂူထိပ်နှင့် မစိုးရိမ်ကျောင်းလမ်း လမ်းသွယ် ၁ နှင့် ၃ လမ်း လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်း အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)