သတင်းများ

ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား နေ့စဉ်မပြတ်ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ (Green House ) ပိုးမွှားလုံအဆောက်အဦ ဆောက်လုပ်လျက်ရှိ
Sep 04,2020
ချင်းပြည်နယ်၊ ကျီခါးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် (Green House) ပိုးမွှားလုံအဆောက်အဦ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးထိပ်လမ်းမကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Sep 04,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် နှားခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးကြီးနှင့် ရတနာဈေးထိပ်လမ်းမကြီး တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းခရိုင်အတွင်း ကိုဝန်ဆောင်မိခင်လောင်းများအား ထောက်ပံ့ကြေးများပေးနိုင်ရန် စာရင်း များ စိစစ်ကောက်ယူနေ
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ထုတ်ပေးမှာဖြစ်သည့်အတွက် မြို့နယ်အတွင်းမှ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၏ အမည်စာရင်းများလာရောက်ပေးသွင်း နေသည်ကို စိစစ်ကောက်ယူ နေကြကြောင်း ယနေ့ နံနက်(၉)နာရီက ခရိုင်လူမှုဝန် ထမ်းဦး စီးဌာနမှ သိရသည်။
တောင်ငူ၌ နေအိမ်ပြင်ပထွက်ခွာသူတိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာမှုများရှိလာ
Sep 04,2020
တောင်ငူ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ လူနာအမှတ် (၆၀၆) တစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် နောက်ပိုင်း မြို့နယ်ရှိ ဒေသခံပြည်သူများ ၊ ခရီးသွားလာကြ သူများ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ လျက်ရှိနေပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ခံနေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာမှုမရှိသူများအား အသိပညာပေးခြင်းများဆောင်ရွက်
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားထိပ်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာမှုမရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မြို့မစည်ပင်သာယာစျေး၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့မစည်ပင် သာယာဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် စနစ်တကျလက်ဆေးပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်ကြရန် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်သည်။
ချောင်းဆုံမြို့နယ်အတွင်းကျေးရွာ (၁၃)ရွာတွင်(Cash for Work)စီမံကိန်းဖြင့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Sep 04,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကုစားမှုအနေဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးမှုကော်မတီတို့ပူးပေါင်းပြီး (Cash for Work) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ကာကျေးရွာ (၁၃)ရွာ တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။