သတင်းများ

လေးမျက်နှာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဌာနဆိုင်ရာရုံးများရှိ အော်တိုကြိုးဖုန်းများအား FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲ တပ်ဆင်ပေး
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ ရုံးလုပ်ငန်းသုံး အော်တိုကြိုးဖုန်းများအား FWA(Fix Wireless Access)စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ပေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက် အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ရရှိရန် ဆောင်ရွက်ပေး
Sep 04,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလ
မွန်ပြည်နယ် မော်လမြိုင်တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 04,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီ၊ဦးဆောင်အဖွဲ့များသည် ယမန်နေ့ ညပိုင်း၌ မြို့အတွင်း လှည့် ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပင်၌ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး ရွှေနဒီနံရံကပ်စာစောင်ပြသ
Sep 04,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး ရွှေနဒီ နံရံကပ် စာစောင် ပြသခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ ရေသန့်စက်ရုံ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 04,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ရေသန့်စက်ရုံများ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီဖွင့်လှစ်ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုကို ယမန်နေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံများ သိုလှောင်ထားရှိ
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်လက်ခံထားရှိကြောင်း နိုင်ငံတော်အရန်ရိက္ခာ စားအုန်းဆီပုံးများ စိစစ်လက်ခံ ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်းထံမှ သိရသည်။
ကျိုင်းလပ်မြို့ ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်
Sep 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်တောတိုက်နယ် ဝန်ထမ်းအိမ်ရာများနှင့် တိုက်နယ်ကျန်းမာရေးဌာနဆေးပေးခန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Sep 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီမှ အင်တောတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ၊ တိုက်နယ်ကျန်းမာရေးဌာန နှင့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။