ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၉)ဦးအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့်ဆက်လက်ပို့ဆောင်

 

လားရှိုး       စက်တင်ဘာ   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော် မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ များအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး သို့ စနစ် တကျလွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပါသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့ ၊ လောက်ကိုင်မြို့ နှင့် ချင်းရွှေဟော်မြို့ များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော် ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး သို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက် ရှိရာတွင် စက်တင်ဘာလ (၄) ရက်နေ့၌  နေရပ်ပြန်ပြည်သူ အမျိုးသား(၁၉)ဦး ၊ အမျိုးသမီး (၁၀)ဦး စုစုပေါင်း (၂၉)ဦး တို့အား  ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၂၉)ဦး တို့တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ (၄)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၅)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၁၁)ဦး ၊ မန္တလေးတိုင်းဒေသ ကြီးမှ(၅)ဦး၊ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးမှ(၁)ဦးတို့ဖြစ်ကြပါသည်။ နေရပ်ပြန်ပြည်သူများအား ထပ်ဆင့်လွှဲပြောင်း ပို့ဆောင် ပေးရာတွင်  မေလ(၆)ရက်နေ့မှ  စက်တင်ဘာလ(၄)ရက်နေ့အထိ  အမျိုးသား(၉၆၈၂)ဦး ၊  အမျိုးသမီး  (၆၀၉၅)ဦး စုစုပေါင်း (၁၅၇၇၇) ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)