တောင်တွင်းကြီး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ထန်းပင်စုကျေးရွာရှိ ဥယျာဉ်ခြံစိုက်တောင်သူ အများစုသည် ဆူးပုပ်ကြီး၊ ဆူးပုပ်ကလေးများကို အိမ်ဝင်းခြံစည်းရိုးလုပ်ကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ဆူးပုပ်စိုက်တောင်သူများထံမှသိရသည်။
အဆိုပါရွာရှိ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ ယခုအခါမိမိတို့ခြံစည်းရိုးများတွင် စိုက်ပျိုးထားသည့် ဆူးပုတ်ပင်များမှလည်း မိသားစုအပိုဝင်ငွေ ရရှိနေသည့်အတွက် တိုးချဲ့စိုက်ပျိုးရန်အတွက် အပင်ကြီးများမှ ကိုင်းများကိုဖြတ်တောက်ကာ ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
ဆူးပုပ်ပင်စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနည်း၊ အပင်ပေါက်စိုက်ပျိုးနည်းနှင့် ကိုင်းဖြတ်ပျိုးထောင် စိုက်ပျိုးနည်းဟူ၍(၃)မျိုးရှိရာ မိမိတို့ခြံစည်းရိုးမှာရှိတဲ့ဆူးပုပ်ပင်ကြီးများမှ ကိုင်းများကို ဖြတ်တောက်၍ ပျိုးထောင်စိုက်ပျိုးခြင်းကြောင့် မျိုးစေ့နှင့် လုပ်အားခကုန်ကျ စရိတ်မရှိတော့ဘဲ မိုးရာသီတွင်ပျိုးထောင်စိုက်ပျိုးသည့် ဆူးပုပ်ပင်များမှာ ဆောင်းရာသီတွင် ဈေးကွက်သို့တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်းဆူးပုပ်စိုက်တောင်သူများထံမှသိရသည်။
၀င်းခိုင်(ပြန်/ဆက်)